မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။

မေလ ၇ ရက်မှာ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ထွက်ပြေးလာပြီး အလင်းဝင်လာတဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးအဖွဲ့ – ပကဖ ကတစ်ဆင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်ခဲ့သူတွေကတော့ အသက် ၃၀ ကျော်အရွယ် ပျူစောထီး ၂ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် ပျူစောထီး ၁ ယောက်ဖြစ်ပြီး ကလေး ၃ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်အရ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ ကျေးရွာနေမိန်းမပျိုတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ကာ သားမယားပြုကျင့်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များရဲ့အဆိုအရ အဆိုပါကန်နီပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို၊ ရွာတွင်းရှိ ပျူစောထီးတွေရဲ့ အဓမ္မညှင်းပန်းနှိပ်စက်တာတွေကြောင့် ရွာသူရွာသားများ မကြာခဏ ထွက်ပြေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းကင်းတွင် အင်အား ၁၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းနှင့် တိုက်ခိုက်ဖြစ်၊ စစ်အုပ်စုက ၁၀ ဦး သေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ရွာငံ NLD လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးတွင် အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။
Read More

တွံတေး ပကဖ နှင့် Delta Phoenix Column စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

“ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရနေရာတွေမှာ တော်လှန်လူငယ်တွေက ရန်ကုန်မှာပြန်ဆုံမယ် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

KK Park ကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ထိုင်းကတဆင့် နေရပ်ပြန်

ပြီးခဲ့တဲ့လက KK Park စီးနင်းမှုအပြီးမှာ ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က နိုဝင်ဘာ ၇ ရက် သောကြာနေ့မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကြာသပတေးနေ့က အထူးလေယာဉ်နှစ်စီးနဲ့ ပြန်ခေါ်ခဲ့ကြောင်း၊ လာမဲ့ရက်တွေထဲ နောက်ထပ်ပြန်လာမဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ်တွင်းတိုက်ပွဲမှာ အယောက် ၃ဝ ကျော်ထိ သေဆုံးပြီး အထိနာခဲ့သည့် စစ်တပ်  စစ်ကြောင်းပြန်ထိုးလာ၊ “သူတို့ လာပါစေ.. သူတို့ကို အမြဲတမ်း ကြိုဆိုထားပါတယ်” ဟု ဗိုလ်အယ်စေးဝါး ပြော

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲအတွက် အင်အားဖြည့်တင်းဖို့ ကျုံဒိုးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မွန်-ကရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဇွန်လ ၁၉ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂)၊ Lion Battalion Commando - စစ်ကြောင်းရုံးတပ်ဖွဲ့ဆီက သိရပါတယ်။