အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန် တိုက်ပွဲဝင်ရင်း ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တစ်ယောက် ရှိပါတယ်။ သူကတော့ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းမှုဖြစ်ပွါးပြီး ၂လအကြာမှာပဲ တောထဲရောက်လာခဲ့တဲ့ ရဲဘော် Lightning ဟာ တော်လှန်ရေးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ဆေးမှူးတစ်ယောက် ဖြစ်လာခဲ့သူပါ။

သူဟာ တိုက်ခိုက်ရေးမှာ ပါဝင်သလို ရဲဘော်ရဲဘက်တွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေခဲ့သူပါ။

ဒီနေ့ မေလ ၈ ရက်နေ့မှာတော့ ရဲဘော် Lightning ဟာ ပဲခူး-ရန်ကုန် လမ်းပိုင်း တိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မောင်းသတင်းဌာနအနေနဲ့ ပြီးခဲ့တဲ့နှစ် ရဲဘော် Lightning နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရုပ်သံအင်တာဗျူးကို ရဲဘော် Lightning အတွက် လေးစားဂုဏ်ယူစွာဖြင့် ပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။

(၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး ဖြစ်ပါသည်)

0 Shares:
You May Also Like
Read More

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မဟာမုနိဘုရားကြီးကျောင်းဆောင်ဝန်းကျင် မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်‌ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ အနီးဝန်းကျင်ကို အခုလိုပဲ တွေ့မြင်ခဲ့ရပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တာဝန်ခံ ဧရာဝတီသား အောင်စံရှား

"ဧရာဝတီက ဒလန်တိုင်းမဟုတ်ဘူး။ စကစ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အကြောင်းပြချက်တစ်ခုလည်းဖြစ်တာပေါ့ သွေးခွဲတဲ့ဟာလည်းဖြစ်တယ် နှိမ်တာလည်းပါတာပေါ့။ ဒလန်တိုင်း လုံးဝမဟုတ်ဘူး။ တကယ့်တော်လှန်ရေး စစ်စစ် တကယ့် ဒီမိုကရေစီကို လိုလားသူ တကယ့်အမှန်တရားကို မြတ်နိုးတဲ့လူတွေဖြစ်တယ်။ တကယ်ပဲရိုးရိုးသားသားနဲ့ လက်ရှိတော်လှန်ရေးမှာလည်း အားထုတ်ပြီးတော့ ပါဝင်နေကြတယ်"
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီအထိနာခဲ့တဲ့ ပုလဲမြို့တွင်းတိုက်ပွဲ မှတ်တမ်း (ရုပ်/သံ)

စစ်ကောင်စီအထိနာခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်းပါ၀င်ခဲ့တဲ့တိုက်ပွဲမှတ်တမ်းကို ဖိုက်တာမျကိလုံးစစ်ကြောင်း တပ်ဖွဲ့က မနေ့က နို၀င်ဘာ ၂၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်၊၊
Read More

သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် ၆နှစ်အရွယ် ကလေးငယ်အပါ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက စတင်ပြီး တွင်းငယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။