ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာမှာ ဒေသခံအမျိုးသား ၁ ယောက် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိပြီး ညာခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မေလ ၇ ရက် မနေ့က နေ့လယ်ပိုင်းမှာ အသက်(၃၂)နှစ်အရွယ် ဒေသခံအမျိုးသားဟာ စစ်ကောင်စီရဲ့ ခလရ (၂၃) တပ်စခန်းဟောင်း ခြံစည်းရိုးဘေး ထင်းသွားခွေရာ အရင်က စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းတစ်လုံး နင်းမိခဲ့တယ်လို့ ဆိုပါတယ်။

နင်းမိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် TNLA မြို့နယ်ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရ အမျိုးသားကို ကုသဖို့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

သီပေါမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကလည်း တုံစင်ကျေးရွာမှာ အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ယောက်က ခလရ(၂၃) တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာက မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းမထွက်နိုင်လို့ အသုံးတော်ခံဘဝ ရောက်ကြရတဲ့ အနုပညာရှင်များ

စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။
Read More

တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ လေယာဉ်ကို KNU တပ်ဖွဲ့က ပစ်ခတ်မှု လေယာဉ်ထိမှန်သွားဟု ဆို…

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ ထားဝယ် အမျိုးသမီး သမဂ္ဂကနေ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့" အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး "နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု" ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။