ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အာရက္ခတပ်နဲ့တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲ ၃၄ ယောက်ကို မေလ ၆ ရက်နေ့က မြန်မာဘက်ပြန်လွှဲပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကော့ဘဇာအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ မြန်မာအရပ်သား ၅ ယောက်နဲ့ Patuakhali အကျဉ်းထောင်က ၁ ယောက်တို့ကိုလည်း လွတ်ရက်ပြည့်သွားတာကြောင့် သူတို့နဲ့အတူ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာလက ပြန်လည်စတင်တဲ့ ရခိုင်ဒေသအတွင်းက အာရက္ခတပ်ရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်ရဲနဲ့ အခြားဝန်ထမ်းတွေ ရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သူတို့ကို အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ကော့ဘဇာလေဆိပ်ကတဆင့် မြန်မာဘက်က အရပ်ဘက်လေယာဉ်နဲ့ ပြန်ပို့ခဲ့တာဖြစ်ကြောင်း၊ ဒါကာမြို့ စစ်ကောင်စီသံရုံးက သံတမန်တွေ တက်ရောက်ကြောင်း သိရပါတယ်။


စစ်ကောင်စီတပ်သားနဲ့ နယ်ခြားစောင့်ရဲ ၃၄ ယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့ပြီး ဘန်ဒါဘန်၊ Naikhongchhari မှာ ခုံလှုံခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က လက်ရှိအချိန်အထိ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ၈၇၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ထိန်းသိမ်းပြီး ပင်လယ်ရေကြောင်းကတဆင့် စစ်ကောင်စီထံ ၄ သုပ်ခွဲ ပြန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – Bangladesh repatriates 34 Myanmar Army, Border Guard Police personnel

0 Shares:
You May Also Like
Read More

ကျဆုံး ကျောင်းသားရဲဘော်များအား Daly City ကျောင်းသားသမဂ္ဂမှ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Daly City မှာ Daly City ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၇ ရက်မှာ ပြုလုပ်တဲ့ လူထုရံပုံငွေစျေးရောင်းပွဲမှာ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း တိုးချဲ့နိုင်ဟု JFM ထုတ်ပြန်

မြန်မာနိုင်ငံကိုလာမယ့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာ စစ်လက်နက်ပစ္စည်းထောက်ပံ့တာသာမက စစ်ဘက်ဆိုင်ရာပညာနဲ့ လေ့ကျင့်သင်ကြားရေးအတွက်ပါ နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့လာနိုင်တယ်လို့ Justice For Myanmar က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။