ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက စတင် စစ်ကြောင်းထိုးတာလာကြောင့်လို့ သိရပါတယ်။
“မနက် စစ်ကြောင်းထိုးလာတာကို ကာကင်းက တစ်ဆင့်သိရပြီး ၇ခွဲ ၈လောက်မှာ ထိတွေ့မှုစဖြစ်ပါတယ်။ အပြန်အလှန်ပစ်ကြရင်းနဲ့ နေ့လည် ၁၂ လောက်ကျ ရန်သူရှိတဲ့မြောင်းကို နယ်မြေရှင်းလင်းကြတယ်။ အဲ့မှာ ထိပ်တိုက်တွေ့ပြီး ၁၅ မီတာလောက် အကွာကနေ ပစ်ခတ်ကြတာပါ။ တနေကုန် ကြာသွားပြီး ညနေ ၅ (နာရီ) လောက်ကျ ညီမတို့ တပ်နဲ့ပူးပေါင်းတပ်တွေက ရန်သူကို ဝင်လုံးတဲ့အချိန်မှာ စစ်သားတွေက သေတဲ့ကောင်တွေကို ထားခဲ့ပြီး ပြန်ဆုတ်သွားကြတာပါ” လို့ MLA ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီတိုင်း ကမ်းရိုးတမ်း စစ်ဌာနချုပ် လက်အောက်ခံတပ်၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ ၂၀၈ (ကျိုက်မရော)၊ ခမရ ၁၀၂ (မုတ္တမ)၊ ခမရ ၄၃၂ (ဘုတ်ပြင်း) စတဲ့ တပ်ရင်းတွေကနေ အင်အား ၅၀ ဝန်းကျင်ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ခံ ဗိုလ်မှူးစိုးမင်းထက် (ခမရ-၄၃၂ ဒုတပ်ရင်းမှုး) အပါအဝင် အကြပ်အရာရှိနဲ့ တပ်သား ၃၀ ခန့် သေဆုံးခဲ့တယယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) အပြင် မွန်ပြည်သစ်ပါတီ ခွဲထွက် (NMSP-AD)၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း စတဲ့ KNLA ဦးဆောင်တဲ့ အခြားပူးပေါင်းတပ်တွေက ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA))

0 Shares:
You May Also Like
Read More

PDF ရဲဘော်များ မကြာခင် ပြန်လွတ်လာမည်၊ အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမည်ဟု ဗျူဟာ ၃၃ နည်းဗျူဟာမှူး စောဒါးကို အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
Read More

ပေါင်မြို့တွင် မဲမပေးရန် ပြောဆိုသည့် အမျိုးသားတဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှာ အမျိုးသားတယောက်ဟာ အရက်မူးပြီး မဲမပေးဖို့ အော်ဟစ်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

အဖြေလွှာများ ပျက်စီးမှုအတွက် စာမေးပွဲ ပြန်ဖြေခိုင်းမည့် စစ်ကောင်စီ၏ အစီအစဉ်အပေါ် ဝေဖန်မှုများ မြင့်တက်နေ

ငလျင်ဒဏ်အကြား မီးလောင်ပျက်စီးခဲ့တဲ့ အဖြေလွှာတွေအတွက် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီကို ပြောဆိုဝေဖန်နေ​ကြပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။