အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

NUG အစိုးရအနေနဲ့ နိုင်ငံခြားရေးနည်းလမ်းအရ လုပ်ငန်းတာဝန်တွေကို ထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် အာဆီယံ၊ ဩစတြေးလျ၊ ချက်၊ အိန္ဒိယ၊ ဂျပန်၊ (တောင်)ကိုရီးယား၊ နော်ဝေ၊ ပြင်သစ်၊ ဗြိတိန် စတဲ့ နိုင်ငံတွေမှာ NUG အစိုးရရဲ့ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ NUG အစိုးရဟာ တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒီလီမြို့တော်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံတမန်ဆိုင်ရာရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြီးအကဲတစ်ဦး ခန့်အပ် တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာလည်း NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကုလသမဂ္ဂမျက်နှာစာမှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့အသံကို ကိုယ်စားပြုကာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအသီးသီးနဲ့ အမြဲမပြတ် ထိတွေ့ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ NUG နိုင်ငံခြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများမှ ရရှိထား‌သော လှူဒါန်းငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်ကို စစ်အသုံးစရိတ် ဖြစ်မသွားစေရန် JFM သတိပေး

မြန်မာစစ်တပ်က ငလျင်ဘေးအတွက် လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားတာကြောင့်၊ အဆိုပါ‌ငွေကြေးများကို လူထုအပေါ် ကျူးလွန်နေတဲ့ စစ်အသုံးစရိတ် မဖြစ်သွားစေဖို့ Justice for Myanmar (JFM) အဖွဲ့က သတိပေးလိုက်ပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျားဖြန့်တိုက်ဖျက်ရေးတွင် KNU ပါဝင်လာ၊ ကျားဖြန့်ဂိုဏ်းနေရာကို နိုင်ငံတကာ လာ‌ရောက်လေ့လာရန် ဖိတ်ခေါ် 

မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
Read More

တောင်သူများထံမှ မိုးရာသီစိုက် ဘဏ်ချေးငွေများ တောင်းခံခြင်းမပြုလုပ်ရန် လက်ပံတန်း ပကဖ ထုတ်ပြန်

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။