အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီး တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM) နဲ့ PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများစွာ ရှိပြီး လေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ဒီနေ့ ထု​တ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်/ဌာနတွင်း အမာခံသတင်းပေး (PreCDM) တွေထဲမှာ တပ်/ရဲနဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ လက်အောက်ရှိ ဦးစီးဌာနတွေက နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများစွာ ပါဝင်နေပြီး တပ်/ဌာန မိသားစုဝင် အမျိုးသမီးများလည်း ကျရာကဏ္ဍကနေ တာဝန်ကျေလျက်ရှိကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံ့ဝန်ထမ်း အမျိုးသမီး PreCDM တွေနဲ့ တပ်/ဌာနမိသားစုဝင် အမျိုးသမီးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အသိုင်းအဝိုင်းအတွင်း နေထိုင်လျက် တော်လှန်ရေးအောင်မြင်စေရေးအတွက် စစ်ရေးနဲ့ နိုင်ငံရေး အထောက်အကူပြု အရေးကြီးသတင်းအချက်အလက်တွေ ပေးပို့တာဝန်ကျေနေတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးတာဝန် ကျေပွန်နေတဲ့ တပ်/ဌာနတွင်းနေ အမျိုးသမီးဝန်ထမ်းနဲ့ တပ်/ဌာနမိသားစုဝင် အမျိုးသမီးတွေကို တော်လှန်ရေးကာလအတွင်းရော တော်လှန်ရေးပြီးဆုံးချိန်မှာပါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အမှတ် ၉/၂၀၂၂၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဃ)အရ ကာကွယ်ပေးသွားမှာဖြစ်ပြီး သတ္တိနဲ့ တာဝန်သိမှုအတွက် အသိအမှတ်ပြုလေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူ့ရင်ခွင်၏ ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။