ဒီနေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းရုပ်သံတစ်ခုကို လူမှုကွန်ရက်ကနေမျှဝေခဲ့ပါတယ်။
(၄)နှစ်တာအတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် ရင်းနှီးပေးဆပ်ပြီး တစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့သူတိုင်းကို အလေးမြတ်ထား ဦးညွှတ်ဂုဏ်ပြုအပ်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
”ဒေသတခုချင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးသို့ ဆက်လက်ချီတက်ကြပါစို့” လို့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
Video- (Ministry of Defence – National Unity Government of Myanmar)