မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ ၃ ရက် မနေ့က မနက်ပိုင်းမှာ မိုးကုတ်မြို့နယ်၊ ကသဲအနောက်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့​တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ယောက် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ‌ကျပ်ပြင်တောင်ပေါ်ကုန်းရပ်နေ ပြည်သူတစ်ယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

KK Park ရှိ ကျားဖြန့်အဆောက်အအုံများကို စစ်တပ် ဖျက်ဆီးပြခဲ့ပေမယ့် ရွှေကုက္ကိုလ်နယ်မြေရှိ အဆောက်အအုံများကို ချိတ်ပိတ်ရုံသာ ပိတ်သိမ်း

အကြမ်းဖက်စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲထော်သလေး KK Park အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းနယ်မြေရှိ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်နေပေမယ့် ရွှေကုက္ကိုလ်နယ်မြေအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကိုတော့ မဖျက်ဆီးဘဲ ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
Read More

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ ထူထောင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို စစ်ကောင်စီ စတင်ဖွဲ့စည်း

တရုတ်နဲ့ မြန်မာ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းထူထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီး တရုတ် လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။