ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ဉီးဂိုရီ (ခ)ချာလီစိုးဟာ ဘောလခဲရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း မေလ ၁ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ဉီးဂိုရီ(ခ) ချာလီစိုးဟာ ကရင်နီဝံပုလေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်တဲ့နေ့ကစပြီး ကျဆုံးချိန်အထိ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးတိုက်ပွဲဝင်သွားတဲ့ ရဲဘော်ဉီးဂိုရီကို ကရင်နီဝံပုလွေစစ်ကြောင်းက အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေနီပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်း‌ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် စစ်အုပ်စုများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒူရကစစ်ကြောင်းက‌ သတင်းထုတ်ပြန်ပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။