အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းက ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဆိုပါတယ်။

လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုနေသလိူ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မွန်တပ်ဖွဲ့ (၄) ဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် စတင်ဖွဲ့စည်း

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။