ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

KNDF ဗျူဟာအမှတ်(၇)ရှိ တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၂၅ ၊ ၂၆ ၊ ၂၇ နဲ့ ၂၈ က တပ်ဗိုလ်တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေက တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ အလံတင်အလေးပြုခြင်း အစီအစဥ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KMDF ဗျူဟာ အမှတ် (၇) ရှိ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့သတိရခြင်း အစီအစဥ် ပြုလုပ်ခဲ့ပြီး ရှေ့ဆက်တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက်ပါ အမှာစကားပြောကြားတာတွေနဲ့ ရဲဘော်ရဲဘက်တွေ တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

အွန်လိုင်းမှတဆင့် စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်သူများ သတိပြုရန်နှင့် သတင်းတု၊ သတင်းမှားများကို သိရှိနားလည် ရှောင်ရှားပြီး မဖြန့်ချိမိဖို့ TNLA သတိပေး…

အကြမ်းဖက်စစ်အုပ်စုရဲ့ အွန်လိုင်းကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုနဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိပြုပြီး သတင်းတု၊ သတင်းမှားတွေကို သိရှိနားလည်ကာ မဖြန့်ချိမိဖို့ တအာင်းတပ်မတော်(TNLA)က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးကို ပကဖတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဒေသစွဲ စိတ်ကိုဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တော်လှန်ရေးအတွက် ထမ်းဆောင်ဖို့ အသင့်ရှိရမယ်လို့  NUG ယာယီသမ္မတ ပြော

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  မိမိတို့ဒေသ စွဲစိတ်ကို ဖျောက်ပြီး နိုင်ငံရဲ့ ဘယ်နေရာမှာမဆို တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်တွေ အသင့်ရှိရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။