ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) မှာ ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ လူတိုင်းအတွက် လုံခြုံမှုရှိပြီး တရားမျှတတဲ့၊ တန်းတူညီမျှ ဆက်ဆံတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံသလို လုပ်ငန်းခွင်တိုင်းမှာ “ဂုဏ်သိက္ခာ၊ လေးစားမှုနှင့် တရားမျှတမှု” ရှိစေရမယ်ဆိုတာဟာ အလုပ်သမားတိုင်း ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ လက်ခံယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကရင်အမျိုးသားအစည်းအရုံးက ကမ္ဘာအနှံ့ရှိ အလုပ်သမားတွေရဲ့ ခွန်အား၊ သည်းခံမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို အသိအမှတ်ပြုဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ဆန္ဒပြတောင်းဆိုခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့အပြင် ဒီနေ့အထိ အဆိုပါကြိုးပမ်းမှုတွေကို ပြန်လည်အောက်မေ့ဂုဏ်ပြုတဲ့ တန်ဖိုးရှိတဲ့နေ့တစ်နေ့လည်း ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် စုပေါင်းအင်အားနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကနေ ရရှိခဲ့တဲ့ တိုးတက်မှုရလဒ်တွေဟာ ရှေ့ဆက်ရပ်တည်ရမယ့် စိန်ခေါ်မှုတွေဖြစ်သလို လုပ်ငန်းခွင် အကျိုးအမြတ်ထက် လူ့အခွင့်အရေးကို အသားပေးပြီး အလုပ်သမားတွေရဲ့ အနစ်နာခံပေးဆပ်မှုကို အထူးတန်ဖိုးထားတဲ့ စီးပွားရေးစနစ်တစ်ခု တည်ဆောက်သွားမယ်လို့ ကတိကဝတ်ပြုကြောင်း KNU က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် ကမ်းပါးပြိုပြီး ရေမဆေးကျောက်ရှာသူ ၂ ဦး မြေစာပိ သေဆုံး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး စက်ကြီးအစီး ၄၀ နှင့် ကားအစီး ၃၀ ကျော်ကိုလည်း စစ်အုပ်စု မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းက စစ်ကောင်စီ လက်အောက်ခံရဲကင်း တိုက်ခိုက်ခံရ၊ ရဲနဲ့ပျူစောထီးအများအပြားသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မီးလောင်မှု နေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ည ၇နာရီကျော်မှာ မီးလောင်မှုဖြစ်ပွါးပြီး လူနေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

မူးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ လည်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။