ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ရှေ့တန်းစစ်မြေပြင်ရောက် တောကျီးကန်း (၇) ကောင်တပ်ရင်းက ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိရင် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသပေးနိုင်အောင် လက်တွေ့ သင်ကြားပို့ချခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ ကျည်ထိမှန်ခြင်းနဲ့ အခြားထိခိုက်ဒဏ်ရာရရှိရင် နောက်တန်းကုသမှုနေရာဆီ မပို့ဆောင်နိုင်ခင် အချိန်နဲ့ ပို့ဆောင်နေစးချိန်မှာ သွေးလွန်ပြီး မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမရှိစေဖို့အတွက် ရဲဘော်အချင်းချင်း အရေးပေါ်ပြုစု ကုသနည်းတွေကို တပ်ရင်းဆေးတပ်ဖွဲ့က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ လက်တွေ့ သင်ကြားပြသပေးခဲ့တယ်လို့ ဆိုပါတယ်။

တောကျီးကန်း (၇) ကောင် တပ်ရင်းအနေနဲ့လည်း ရှေ့တန်းရောက်ရဲဘော်တွေ လိုအပ်တဲ့ စစ်မြေပြင်အသုံးချသင်ခန်းစာတွေကို စစ်ရေးတာဝန်အားလပ်ချိန်တွေမှာ အမြဲတစေ ပြန်လည် လေ့ကျင့်သင်ကြားပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲနိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းအချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကော် ပယ်ဖျက်နေ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ကြံ့ခိုင်ရေးပါတီကိုနိုင်ပြီး အမတ်ဖြစ်လာနိုင်သူတချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ အနိုင်ရချေရှိနေတဲ့ ဦးတင်ထူးအောင်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။