ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၆၀ ကျော်က ဒေသခံပြည်သူတွေ စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးပြီးနောက်ပိုင်း အခုလို မီးရှို့ဖျက်ဆီးမှုတွေ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၈ရက်မှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၄လုံးဟာ ခွက်မအုပ်စု၊ ငလှစမ်းရွာကို ကျရောက်ပြီး အဆိုပါ လက်နက်ကြီး ၄လုံးထဲက ၁လုံးဟာ ဦးဖိုးခွက်-ဒေါ်ခင်ချိုတို့ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ လင်မယားနှစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဧပြီလ ၃၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်ဟာ မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့ မီးပတ်ရှို့ပြီး ပြန်လာရင် စခန်းထဲကို ကားနဲ့ ပြည်သူပိုင် ပစ္စည်းတွေ၊ ဆိုင်ကယ်တွေပါ ပါတယ် သယ်လာကြတာ။ မီးမရှို့ခင်ကို တန်ဖိုးရှိတာတွေ ယူပြီးမှ ရှို့ကြတာ” လို့ မင်းလှမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျောင်းရွာ၊ ကျွဲမကိုင်း၊ ရှမ်းကုန်း၊ ရွေးကုန်း၊ စမ်းကြီး၊ သံတောက်ကွင်း (ခ) ကပ်ကျော်ရွာသစ်၊ ဟိုင်းယု၊ ဟိုင်းယုလမ်းဆုံ၊ ဗိုလ်ရုံ၊ ဝါးယား၊ ပျဥ်းကတိုးခင်း၊ စမ်းဘုတ်၊ ကျွန်းကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ တောင်လိမ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း(အနောက်)၊ ဆင်အိုင်ချောင်းပေါက်၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ ဦးတိုကညင်ပင်၊ ဦးတိုကျွဲလမ်းစု၊ ဦးတိုစာဖြူစု၊ ဦးတိုတာကလေး၊ ဦးတိုတောင်စု၊ ဦးတိုမြန်မာစု၊ ဦးတိုရွာသစ်၊ ဂန့်ဂေါ်ပင်ရွာသစ်၊ ဂန့်ဂေါ်ပင်ရွာမ၊ ဗိုလ်တထောင်၊ သက်ငယ်ကုန်း၊ စာဖြူစု၊ ဖားလေးကွင်း၊ ဖားလေးကွင်း (အရှေ့စု)၊ ဖားလေးကွင်း (အနောက်စု)၊ ဖားလေးကွင်း (တောင်စု)၊ ညောင်ပင်သာရှမ်းစု၊ ပက်တန်းကြီး၊ ပက်တန်းလေး၊ သဖန်းပင်ဆိပ်၊ မုက္ခာ၊ ညောင်သုံးပင်၊ ဘွတ်စိန်ဘု၊ ရွာသာယာ၊ သင်္ကန်းချောင်း၊ ရွာသာယာ၊ စိန်ကန့်လန့်၊ စမ်းတောင်ကွေ့၊ ညောင်ပင်သာရွာမ၊ ညောင်ပင်သာရွာသစ်၊ ကရင်စီကွ၊ ဘီလူးမရေတွင်း၊ အင်ကြင်းကုန်း (တောင်)၊ အင်ကြင်းကုန်း (မြောက်)၊ အညာတန်းကြီး၊ အညာတန်းလေး၊ ကျောက်တိုင်၊ တာကလေးကျေးရွာ အပါအဝင် ရွာပေါင်း၆၀ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးထားမှု မြင်ကွင်း
0 Shares:
You May Also Like
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးကို ပကဖတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဒီဇင်ဘာ တစ်လအတွင်း စစ်ကောင်စီ မြို့ပေါင်း ၆ မြို့ကို လက်လွှတ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

PDF ဂိတ်က လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်နဲ့ ဇနီးဖြစ်သူကို ကျိုက်ထို ပကဖ က KNU ဆီ အပ်နှံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်မြို့ရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်း လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်နဲ့ ဇနီးဖြစ်သူတို့ကို ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ဆီ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပကဖ က အောက်တိုဘာလ (၂၄) ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ABSDF ဗဟိုစစ်ကော်မရှင်နှင့် PRA (မကွေး) ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တွင် ပျူရွာကို လာသည့် စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ ၈ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာအင်အား ၂၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား​တွေ ထိခိုက်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။