ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၁ ရက် ဒီနေ့မှာ သေဆုံးသူတစ်ယောက်ရဲ့ မိခင်ဖြစ်သူက အဆိုပါအခန်းအတွင်းကနေ အနံ့တွေ ထွက်နေတာကြောင့် တံခါးဖျက်ပြီး ဝင်ရောက် ကြည့်ရှုရာ သေဆုံးသူတွေကို တွေ့ခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ လင်မယား ၂ ယောက်၊ ကလေးငယ် ၁ ယောက်၊ ခယ်မဖြစ်သူနဲ့ အိမ်မွေးခွေးတို့ ဖြစ်ပြီး အခန်းထဲမှာ မီးစက်ဖွင့်ရာက ကာဗွန်မိုနောက်ဆိုဒ် ပါဝင်တဲ့ မီးခိုးတွေကြောင့် အောက်စီဂျင်ပြတ်ကာ အသက်ရှုရပ်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေဟာ သေဆုံးတာ ၃ ရက်ခန့်ရှိနေပြီလို့ ဒေသခံတွေက ဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးသလို ရုပ်အလောင်းတွေကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Taurus Tin)
0 Shares:
You May Also Like
Read More

မင်းတပ် ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့  တရားဝင်ထုတ်ပြန်၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိ၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုနဲ့ ကလေးငယ်များ အပါအဝင် ၁၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုအပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ခမရ-၅၉၉ မှ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရသူ ၈ ဦး KNLA တပ်ရင်း(၈)ထံ လက်နက်ချခိုလှုံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်မှာ အခြေစိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံကို စစ်အုပ်စု လက်အောက်ခံ ခမရ-၅၉၉ တပ်ရင်းက တပ်သား (၈) ယောက့ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆက်တိုက်အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းနှင့် မကွေးတွင် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ၇၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ၇၇ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့ အခွင့်အရေး” ဖြစ်ပြီး လှုပ်ရှားမှုအဖြစ် လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်း၊ အဓိပ္ပာယ်နဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံတွေ၊ စာပိုဒ်အပါအကြောင်းအရာတွေ၊ လူတိုင်းခံစားခွင့်ရှိတဲ့ အခွင့်အရေး အမျိုးအစားတွေကို ကဏ္ဍအလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။