စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၉ ရက်၊ ညနေပိုင်းမှာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ စစ်ကိုင်းကံတလူဂိတ်က စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အခုက လမ်းပိုင်းမြောက်ဘက်ခြမ်းမှာ ကျနော်တို့မဟာမိတ်တွေနဲ့ စကစ တိုက်ပွဲတွေဖြစ်နေတော့စစ်ခွေးတွေ စစ်ကူပို့ပေးတဲ့အထဲ အဓိကဒေါက်တိုင်ဖြစ်တဲ့ တောင်ဘက်ခြမ်းက စစ်ကိုင်းတက္ကသိုလ်နဲ့ ကံတလူတိုးဂိတ်က ကောင်တွေလည်းပါတယ်။ ဒါကြောင့် ဖြတ်လေးဖြတ်ထဲက တစ်ဖြတ်အနေနဲ့ ပြောက်ကျားနည်းသုံး ဝင်တိုက်ခဲ့တာပါ။ ကျနော်တို့ တိုက်ပွဲမစခင်မှာပဲ ဂျက်ဖိုက်တာနဲ့ တိုက်ပွဲရှိရာကို စကစက ဗုံး၃လုံး ကြဲသွားခဲ့ပါသေးတယ်” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိိုက်ခိုက်မှုတွေကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကိုင်း PDF တို့ တစ်ချိန်တည်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက စစ်ကိုင်းတက္ကသိုလ်ဝန်းထဲ ထမင်းချက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာဆီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ငယ်တွေ ပစ်ခတ်ရင်း ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

“နောက်တစ်နေရာကကျ ကံတလူတိုးဂိတ်ပေါ့။ အဲ့နေရာကိုကျ ကျနော်တို့က မိုင်းပွိုင့်ကနေ စပြီးတော့ တိုက်ပွဲဖော်ဆောင်တာ။ ကျနော်တို့ ပထမဆုံး မိုင်းပွိုင့်မှာတင် ခွေး ၃ ကောင်က ကားယားကြီးမြေပြင်ပေါ် မှောက်သွားတယ်၊ သေ မသေ တော့ အတိအကျ မသိရဘူး။ အဲ့နောက် ကျနော်တို့လည်း လက်နက်ငယ်တွေနဲ့ အချိန်အတန်ကြာအောင် ဝိုင်းပစ်ပြီး ပြန်ဆုတ်ခဲ့လိုက်တယ်။ ကျနော်တို့ပြန်ဆုတ်ပြီး မကြာခင်ပဲ ခွေးအလောင်းတွေနဲ့ ဒဏ်ရာရ ခွေးတွေကို လူနာတင်ကားတွေနဲ့ လာကောက်ဖို့လုပ်တယ်။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်အနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား လယ်ယာမြေတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ဝကျွန်းပေါ်သားများ၏ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပိုမိုပြည့်စုံစေလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော ပြည်သူများ တော်လှန်ရေးနှင့် အတူတကွ ရှိနေပေးရန် တိုက်တွန်း

နိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမယ့် တော်လှန်ရေးနဲ့အတူ ပြည်သူတွေ ဆက်လက်ပြီး အတူတကွ ရှိနေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကတဆင့် ပြောကြားလိုက်ပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။