ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြားက ကျောင်း ၄၂ ‌ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသား ၅၅၃ ယောက်နဲ့ ကျောင်းသူ ၉၈၄ ယောက် ၂၀၂၄ -၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ ကြုံတွေနေရတဲ့ကြားက စာမေးပွဲ ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အခုလို အရည်အသွေးနဲ့ စိတ်ဓာတ်က ဖက်ဒရယ်ဒီမိုကရေစီရဲ့  ပန်းတိုင်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးတို့ အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အာမခံချက်ဖြစ်ပြီး ပိုမို နီးစပ်လာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။