မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ အမျိုးသမီး (၃၆) ယောက်နဲ့ အမျိုးသား (၇၃) ယောက် စုစုပေါင်း (၁၀၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ တစ်နှစ်အရွယ် ယောကျာ်းလေးတစ်ယောက် အပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၅) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

အဆိုပါ သေဆုံးသူတွေထဲ အယောက် (၆၀) ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၅) ယောက်ကတော့ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် ညပိုင်းမှာလည်း ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ယောက် ကျည်စထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်သင်တန်းကျောင်းအုပ် ကဗျာဆရာ ညီလင်းခ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ အနောက်မြောက်စစ်ဒေသရဲ့ ကြီးကြပ်ရေးကော်မတီဝင်၊ စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကဗျာဆရာ ညီလင်းခ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်အာဏာပိုင်များကို လုပ်ကြံသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီး၊ မြို့ပြအုပ်ချုပ်ရေး ယန္တရားအောက်တွင် စစ်တပ်လက်ပါးစေများ အရင်ထက် ပိုမိုများပြားလာ

မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။