မန္တလေးတိုင်း၊ စဉ့်ကူးရဲစခန်းကနေ တပ်မရေနံမှော်ဘက်သို့  စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေခဲ့တယ်လို့  Bagan Bo Cho PDF ထံက သိရပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းက ချောက်မြို့ကနေ စဉ့်ကူးရဲစခန်းသို့ အင်အား ၆၀ ခန့်နဲ့ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ညနေပိုင်းမှာ တပ်မရေနံမှော်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ယောက်သေပြီး စစ်သားအလောင်းတွေကို နေရာမှာပဲ မီးရှို့သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်သပြေရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။