အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ EU ရဲ့ အရေးယူပိတ်ဆို့မှုတွေကို နှစ်စဉ် သက်တမ်းတိုးလာခဲ့တာပါ။ အခုလည်း အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ အပါအဝင် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀၆ ယောက် နဲ့ အဖွဲ့အစည်း ၂၂ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ၂၀၂၆ ခုနှစ် ဧပြီလ အထိ ထပ်မံသက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားတဲ့သူတွေထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ တရားရေးအဖွဲ့ဝင်တွေ၊ ကြည်း၊ရေ၊လေ စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်ထောက်ခံတဲ့ စီးပွားရေးသမားတွေနဲ့ ခရိုနီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်း နဲ့ ဆက်နွယ်သူတွေ ပါဝင်ပါတယ်။

စီပွားရေးပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း ၂၂ ခုထဲမှာတော့ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်နဲ့ စစ်တပ်ထိန်းချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ စစ်တပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာတော့ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိတ်ဆိုင်မှုတွေကို ချိတ်ပိတ်ခြင်း၊ စီးပွားရေး ဆက်သွယ်လုပ်ဆောင်ပေါင်းစည်းခွင့်တွေ ပိတ်ပင်ခြင်း၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ပိတ်ပင်ခြင်းတွေ၊ ဗီဇာပိတ်ခြင်းတွေနဲ့ ငွေကြေးဆိုင်ရာ ပိတ်ပင်ခြင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်အုပ်စုကားများကို သရက်-မင်းလှလမ်းပိုင်းတွင် ခြုံခိုတိုက်ခိုက်၊ စစ်သား ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရပြီး ကားများ မောင်းပြေး

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ခြုံခိုတိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်အထိ ရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေသည့် စစ်မှုထမ်းဟောင်းနှင့် ချွေးမဖြစ်သူတို့ကို ဖမ်းဆီး၊ သေနတ်လုပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့…

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စစ်မှုထမ်းဟောင်း ကြည်အေးနဲ့ သူရဲ့ ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာချိန် လမ်းမှာ သေနတ်လုပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့​ဘက်တော်သားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။