အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) ရဲ့ စစ်ကြောင်း (၁) စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနား မနေ့က ပြုလုပ်ခဲ့တယ်လို့ SOF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာတော့ ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်ကို အလံတစ်ဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးရဲဘော်တစ်ဦးချင်းစီရဲ့ တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းတွေကို အောက်မေ့သတိရဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်တွေ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ဆရာကျောင်းသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ စစ်ကြောင်း (၁) စစ်ကြောင်းမှူးဖြစ်ပြီး တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှူး ဖြစ်ကာ နွေဦးတော်လှန်ရေးစတဲ့အချိန်ကစလို့ မြို့ပြစစ်ဆင်ရေးတွေဖြစ်တဲ့ ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနဲ့ ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှူးတစ်ယောက် ဖြစ်တယ်လို့ SOF က ဆိုပါတယ်။
ဒါ့အပြင် ရဲဘော်ဆရာကျောင်းဟာ SOF တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရပြီး ကျဆုံးချိန်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးညွတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။

ရဲဘော်ဆရာကျောင်းနဲ့အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့ ၄ ယောက်ဟာ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ ရန်သူကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်မှာ ကျဆုံးခဲ့တာဖြစ်ပြီးကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရယူကာ အမိန့်ပြန်ပေးခြင်းနဲ့ ဘာသာရေးအရ လိုအပ်တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ SOF က ဆိုပါတယ်။

လေးနှစ်တာကာလအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော်အယောက် (၂၀) အထိ ရှိခဲ့ပြီး SOF တပ်ဖွဲ့ကနေ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ကာ ရဲရင့်တဲ့ အာဇာနည်တွေအဖြစ် အထူးမှတ်တမ်းတင်ထားရှိတယ်လို့ SOF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ ညီညွတ်ဖို့လိုအပ်နေပြီး  စစ်ကောင်စီရဲ့ သွေးခွဲမယ့်နည်းလမ်းများကို သတိပြုဖို့ NUG ဝန်ကြီးချုပ် သတိပေး

တော်လှန်ရေးအင်အားစုတွေ အားလုံးညီညွတ်ဖို့လိုအပ်ပြီး မညီညွတ်ရင် စစ်ကောင်စီက အရင်က အသုံးပြုနေကျ သွေးခွဲတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

ကော်ဘရာစစ်ကြောင်း ၂ (Venom Column) မှ စစ်သင်တန်းဆင်းရဲဘော်များကို ဘတ် ၅ သိန်းကျော်တန်ဖိုးရှိ စစ်ဝတ်စုံများ တပ်ဆင် (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွှဲနေတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) ရဲ့ စစ်ကြောင်းမှူးက စစ်သင်တန်းဆင်းရဲဘော်တွေကို ဘတ်ငွေ (၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာတွေနဲ့အတူ ဦးထုပ်၊ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင်  စစ်အုပ်စု အထိုင်ဂိတ် ပြောက်ကျားတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။