မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၃ စက်ရုံအတွင်းကို ရှော့တိုက်ဒုံး ၁၀ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့၊ စစ်သား ၅ ယောက်သေဆုံးပြီး အရာရှိ ၃ ယောက် အပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar (BWM) က‌ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၅ ရက် မနေ့ည သန်းခေါင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး ကပစ ၁၃ စက်ရုံထဲက Primer Workshop အတွင်းကို ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Chemical Shop တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဂါလံ ၅၀၀၀ ဆန့် FO (File Oil) မီးထိုးဆီ သိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံသိရှိရတဲ့သတင်းများအရ ဒဏ်ရာရ စစ်သား ၁၂ ယောက်ထဲက ၅ ယောက် သေဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့ ဒဏ်ရာရ အရာရှိနဲ့ စစ်သားတွေကို တဆရ ၁၆/၁၀၀ မကွေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နယ်မြေခံ Upper Minhla P.D.F နဲ့ People independence army (PIO/PIA) အဖွဲ့ တို့ကလည်း အဘက်ဘက်ကနေ အဆင်ပြေအောင် အားဖြည့် ကူညီခဲ့တယ်လို့ သိရပါတယ်။

ကပစ ၁၃ စက်ရုံဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ စစ်လက်နက်တွေ တပ်ဆင်ရာမှာ အရေးပါတဲ့ Primer (ဗုံးသီးအခွံ) များ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်အနီးက ခလယ့်ဒေး စစ်ကောင်စီတပ်စခန်းကို KNU တိုက်ခိုက်သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ် KNU ဌာနချုပ်အနီးက စစ်ကောင်စီ ခလယ့်ဒေး စစ်တပ်စခန်းကို KNU လက်အောက်ခံ KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ဆိုင်ကယ်နှင့် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စု စောင့်ကြိုပစ်ခတ်ခံရပြီး ၄ ဦး သေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ (ခွဲ) စစ်သင်တန်းကျောင်း(၂) သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်အနောက်ခြမ်း ရွာသာကြီးရွာကို စစ်အုပ်စု အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ၊ မြို့အရှေ့ခြမ်းတွင်လည်း စစ်ကြောင်းများ ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်ဆောင်နေသလို မြို့အရှေ့ခြမ်းမှာလည်း စစ်ကြောင်းတွေဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။