ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကျော်ကို အရေးယူသွားမယ်လို့ အာဏာသိမ်း
စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆိုင်ပေါင်း ၃၂၀ ကျော်ထဲမှာ ငလျင်ကြောင့် ဝယ်လိုအားမြင့်တက်လာစဉ်မမှန်မကန်စျေးတင်ရောင်းတဲ့ ဆိုင်တွေကိုစိစစ်ဖော်ထုတ် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးတွေ့ရှိခဲ့တဲ့ဆိုင်တွေဟာ အမြတ်ကို ၁၅ ရာခိုင်နှုန်းလောက်အထိ မြင့်တင်ရောင်းချနေတာလို့ ဆိုပါတယ်။

ဘိလပ်မြေကို ပြည်ပက တင်သွင်းမှုကို စစ်ကောင်စီက တားမြစ်ကန့်သတ်မှုတွေ ရှိနေတာကြောင့် လုပ်ငန်းရှင်တွေဘက်က တင်သွင်းရာမှာ အခက်အခဲတွေဖြစ်ပေါ်လျက်ရှိပါတယ်။
စျေးကွက်အတွင်း ဘိလပ်မြေနဲ့အတူ အခြားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းတွေလည်း စျေးနှုန်းအချို့မြင့်တက်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က မျက်မြင် ၆ ယောက် သေ၊ လက်နက် ၁၈ လက်နဲ့ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် KNDF ထုတ်ပြန်

ကရင်နီပြည်နယ် ၊ လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးကို မြေပြင်စစ်ရေးအခြေအနေအရ စက်တင်ဘာလ (၂၃) ရက်ကစလို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော 

စစ်ကောင်စီက ၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။