အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တက်ရောက်ခဲ့တဲ့ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ရဟန်းအမတ် ၂၂၀ ၊ ဘုန်းတော်ကြီး အပါး ၇၅၀ နဲ့ သိက္ခာတော်ရဆရာတော် ၄၀၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးဟာ တနင်္လာနေ့က လေသင်တုန်းဖြတ်ပြီး သက်တော် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို စိန့်ပီတာဘုရားရှိခိုးကျောင်းမှာ ပြင်ဆင်ပြသထားခဲ့ပြီး လူပေါင်း ၂၅၀၀၀၀ ခန့် လာရောက် ဂါဝရပြုခဲ့တယ်လို့ သိရပါတယ်။

တချိန်ထဲမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ ယူကရိန်းသမ္မတ ဇလန်စကီး တို့ တွေ့ဆုံ စကားပြောကြတယ်လို့ သိရပါတယ်။ ရုရှရဲ့ ယူကရန်းကျူးကျော်စစ်အပေါ် ဆွေးနွေးမယ်လို့ ယူဆတဲ့ အဆိုပါတွေ့ဆုံမှုကို ပြင်သစ်သမ္မတ မက်ခရွန်က ကြားဝင်စီစဥ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Vatican news/ Reuters
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

နိုင်ငံအတွင်း လူငယ်များကို သတ်ဖြတ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံတွင် ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ရုရှားနိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက မော်စကိုမြို့ရှိ Radission Collection မှာ "လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ"ခေါင်းစဥ်နဲ့ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းထုတ်ပြန်ပါတယ်။
Read More

ခရိုနီသူဌေးကြီး ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား

ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ဆီ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။