မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရှမ်းရွာကုန်းနဲ့ ဆင်ကျူံးကြား က ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ၈ ယောက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၆ ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီးမှာရှိတဲ့ စစ်အုပ်စုဂိတ်စခန်းကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ရင်း မိနစ် ၂၀ကြာ အပြန်အလှန်​​ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုတွေကို မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း နဲ့အတူ မကွေးတိုင်းပကဖစစ်ကြောင်း Yenanthar Column တို့ ပူးပေါင်းပြီး မီတာ ၃၀လောက်ကနေ RPG တွေနဲ့ ရှေးဦး ပစ်ခတ်ရင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့အနေနဲ့ သွားလာရေး ယာဥ် မပြည့်စုံတာကြောင့်ရယ် မြို့ပေါ်ဖြစ်တာကြောင့်ရယ်လိုအပ်တဲ့ သတင်းကို တစ်လနီးပါး ကြိုးစားစုဆောင်းပြီးမှ အခုလိုအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။” လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန် ရှမ်းရွာကုန်းဘက်ကနေ စစ်အုပ်စုတွေကလက်နက်ကြီး ၆၀ မမတွေနဲ့ ပစ်ခတ်တာကြောင့် အထိအခိုက်မရှိအောင် လက်နက်ကောက်ချိန်မရပဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကစလို့ အကြမ်းဖက်စစ်အုပ်စုတွေက နေရာ ၂ ခုကနေ သံချပ်ကာယာဥ်တွေပါ သုံးပြီး စစ်ကြောင်းဝင်လာရာမှာ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

“စလင်း ကန်ဘောင်ကနေ ဝမ်းပြည့်ရွာဘက် တတ်လာတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ပူးပေါင်းခုခံခဲ့ပါတယ်။ နောက်ပြီး သစ်ခေါက်တောင်ဘက် ကံပြားက ဝင်လာတဲ့ စစ်ကြောင်းကိုလည်း အဖွဲ့ပေါင်းစုပြီးခုခံခဲ့ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၅တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပုံစာ – Yenanthar Column နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင်များကို တိုက်ပွဲအတွင်း တွေ့ရစဥ်
0 Shares:
You May Also Like
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျေးရွာတွေကို စောင့်ရှောက်မှုပေးတာကြောင့် ရွာခံတွေမှ ရေးဘီလူးကို ဂုဏ်ပြုကြိုဆို

မွန်ဒေသထဲက ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ ၅ လတာအတွင်း စောင့်ရှောက်မှုပေးခဲ့တာကြောင့် ဒေသခံတွေက ရေးဘီဘူးအဖွဲ့ကို ဖိတ်ကြားပြီး ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။