ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ် ၆ ယောက်ဟာ MA 1 သေနတ် ၅ လက်၊ ကျည် ၄၅၅ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ 14 နင်းမိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန် ၁ လုံး၊ ဖုန်း ၇ လုံးတို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကို ကနဦးထောက်ပံ့ငွေ ကျပ် ၆၅ သိန်းခန့် ထောက်ပံ့ထားပြီး ကျန်ရစ်မိသားစုနဲ့ ဆက်သွယ်နိုင်အောင် ကူညီလုပ်ဆောင်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ DMO Local PDF က ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ထွက်ဆိုချက်အရ တပ်တွင်းမှာ WY မူးယစ်ဆေးဝါးကို စိတ်ကြိုက်သုံးစွဲရောင်းဝယ်နိုင်သလို အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တာလည်း မကြာခဏ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”
Read More

“ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ” ဆောင်ပုဒ်ဖြင့် Research Conference 2025 ကို NUG ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနက ဦးစီးပြီး Research Conference 2025 ကို "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" ဆောင်ပုဒ်နဲ့ စက်တင်ဘာလ (၂၇) ရက်ကနေ (၂၉) ရက်အထိ အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည့် ထွေအုပ်ဝန်ထမ်း ၁ဦးကို ပကဖ ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။