ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ (၂၄)ရက် မနေ့က ညနေပိုင်းမှာ နာရီဝက်ခန့်အတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ ကျောက်ကြမ်းကျေးရွာအနီး Y-12 လေယာဥ်နဲ့ ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညပိုင်းမှာလည်း အုမ္မတီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၁)ရက်ကလည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ အဆိပ်ငွေ့ဗုံး(၁၅)လုံး လာရောက်ကြဲချခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ အပစ်ရပ်သက်တမ်းကို ဧပြီလကုန်အထိ ထပ်မံတိုးထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်​တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ လူမှုကူညီထောက်ပံ့မှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် လူမှုကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ အင်အားဖြည့်တင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စနိုက်ပါနဲ့ တိုက်ခိုက်ခံရပြီး ၁ ယောက် သေ၊ ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ၊ဗျူဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းက တော်လှန်ရေးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။