ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အယောင်ဆောင်ကာ ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေ ရှိနေကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်အတွင်း စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် တခြားသော PDF တွေအနေနဲ့ အခုလို ငွေကြေးတောင်းခံမှုတွေ လုံးဝတောင်းခံခြင်းမရှိကြောင်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။

“အယောင်ဆောင်အဖွဲ့တွေက လုပ်ငန်းရှင်တွေကို ကျနော်တို့အဖွဲ့နာမည်သုံးပြီး ငွေလိမ်တောင်းနေတာတွေ ရှိနေတယ်။ ကျနော်တို့ အဖွဲ့ လုံးဝမဟုတ်ပါဘူး။ အရင်ကလည်း မတောင်းခဲ့ဖူးသလို နောက်လည်း တောင်းမှာ မဟုတ်ဘူး။ ဒါတွေကို ပြည်သူတွေကို သိစေချင်တာပါ” လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မိုးထက်က မောင်းကို ပြောပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာအောင် ပြုလုပ်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ အမည်ခံကာ ခြိမ်းခြောက် ငွေတောင်းနေသူတွေကို ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မွန်တပ်တော် ပေါ်ပေါက်လာရေး မွန်တော်လှန်ရေးတပ်များ သဘောတူ ပူးပေါင်း

မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ဟာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်တော် ပေါ်ထွန်းလာရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စစ်ဘေးရှောင်ပြည်သူနှင့် စာသင်ကျောင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ​တွေနဲ့ စာသင်ကျောင်း​တွေကို မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျန်းမာ​ရေး ​စောင့်​ရှောက်မှု​ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။