ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။

မနေ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ချင်းမိုင်၊ စူ့ထေ့ဒေသမှာ ထိုင်းရဲတပ်ဖွဲ့တွေ ဂိတ်ချစစ်ဆေးနေစဉ် အဆိုပါ စစ်လက်နက် ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဂိတ်ကို အနက်ရောင် တိုယိုတာကားတစ်စီး ဖြတ်သန်းမောင်းနှင်လာစဉ် မသင်္ကာတာကြောင့် စစ်ဆေးရာ ကားအနောက်ဘက်မှာ သေတ္တာတစ်လုံးကို တွေ့ခဲ့ကြောင်း၊ အဲဒီသေတ္တာထဲမှာ စစ်လက်နက် ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။  

ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကတော့ AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခုနဲ့ ဗုံးသီးသုံး လောင်ချာ ၁၄ လက်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကားမှာ ထိုင်းနိုင်ငံသား ၂ယောက် မောင်းနှင်လိုက်ပါလာပြီး သူတို့ ၂ ယောက်ဟာ မယ်ဟောင်ဆောင်ဒေသခံတွေ ဖြစ်ကာ အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းမိတဲ့ လက်နက်ပစ္စည်းတွေကို ချင်းမိုင်မြို့ကတဆင့် မယ်ဟောင်ဆောင်နယ်စပ်က KNU တပ်ဖွဲ့ထံ ပို့ဆောင်ပေးဖို့ လူတစ်စုက ငှားရမ်းခဲ့တယ်လို့ ပို့ဆောင်သူ ၂ယောက်က ရဲတပ်ဖွဲ့ကို ထွက်ဆိုကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅” ပြုလုပ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ပြုလုပ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်‌တဲ့ “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၅”ကို အင်ချွန်းမြို့၊ ဘူဖျောင်းမြို့နယ်ရုံးမှာ မတ်လ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့အပြီး  မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး” လွှတ်တော်တွင် တိုက်တွန်းမည်ဟု ထိုင်းအမတ် ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ဦး အတွက် NUG အလုပ်သမားဝန်ကြီးဌာန လိုက်ပါကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ပါကျင်ပူရီခရိုင်ရှိ ကော်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၇၃) ယောက် အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အပေါ် လိုက်ပါကူညီဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။