တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေ ၈ ရက်တာ ထိုးစစ်ဆင်ပြီးနောက် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၂ ရက်ကနေ ဧပြီလ ၁၉ ရက်အထိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း KNU/KNLA တပ်မဟာ ၄ နဲ့အတူ ထား၀ယ်ခရိုင်တပ်ပေါင်းစု၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ်းရိုးတန်း တိုင်းစစ်ဗျူဟာ(၁)စခန်းကို အပြီးအပိုင်သိမ်းပိုက်ခဲ့တဲ့ (၈) ရက်တာတိုက်ပွဲအတွင်း စွမ်းစွမ်းတမံပါ၀င်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့တာဖြစ်ပြီး အဆိုပါစည်းလုံးညီညွတ်မှုအပေါ် အင်အားအဖြစ်ဆက်လက်ထိန်းသိမ်းသွားဖို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်အပါအ၀င် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ပါ၀င်တိုက်ခိုက်ခဲ့တဲ့ လူငယ်ရဲဘော်ရဲဘက်တွေနဲ့ တော်လှန်ရေးကာလတလျှောက် အသက်သွေးချွေးနဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အားလုံးကို အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် စစ်သား ၁၀၀ ခန့် သေဆုံးပြီး စစ်ကောင်စီတပ်ဆီက ၁၂၀ မမ ၂ လက်၊ ၆၀ မမ၊ ၄၀ မမ၊ အာပီဂျီနဲ့ စက်သေနတ်တွေအပြင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကောင်စီ အင်အားဖြည့် ထိုးစစ်ဆင်ဖို့ပြင်ဆင်နေ

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်​ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်သူအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ဒဏ်ရာရ

ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးနဲ့ ကရင်အစပ်က တောင်ငူ-သံတောင်ကြီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံး

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ - သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော်(SNA) မှ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ စစ်ကိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဆီကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆူးဝင်းရွာနဲ့ ဝယ်တောင် (တ) ရွာရှိ ဘုန်ကြီးကျောင်းနဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၇ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။