လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ ၅၁၇ တပ်ရင်းက စစ်သား ၂ယောက်ဟာ မနေ့က ဧပြီလ ၁၉ ရက်မှာ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာသူ ၂ယောက်ဟာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရှောင်တခင် အဓမ္မ ဖမ်းဆီးစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း အပတ်စဉ် (၅) နဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ယောက်ကို လုံခြုံတဲ့နေရာမှာ ထားရှိပြီးဖြစ်သလို ပြည်သူ့ရင်ခွင် ခိုလှုံချင်တဲ့ ပြည်သူ့စစ်မှုထမ်းတွေ၊ စစ်ကောင်စီ အရာရှိတွေ၊ အောက်ခြေရဲဘော်တွေနဲ့ Non CDM ဝန်ထမ်းတွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတုန်းတွင် မဲပုံးများပို့ရန် စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။