SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B – 101, SSNDF / KNDF B – 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။

ဒါ့အပြင် SSNDF / KNDF ဗျူဟာအမှတ် (၉) ရဲ့ စစ်သင်တန်းဆင်းပွဲကိုလည်း ဧပြီလ (၁၇)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်တန်းဆင်းပွဲ အခမ်းအနားမှာတော့ သင်တန်းဆင်းရဲဘော်တွေနဲ့ စစ်ရေးပြအစီအစဉ်များ၊ အလံတင်ခြင်းနဲ့ သစ္စာအဓိဌာန် ရွတ်ဆိုခြင်း ၊ စစ်ကြောင်းတွေ စစ်ဆေးခြင်း၊ KNDF စစ်ရေးချုပ်အပါအဝင် ဗဟိုကော်မတီနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အမှာစကားပြောခြင်းနဲ့ SSNDF / KNDF ဗျူဟာအမှတ် (၉) ရဲ့ တာဝန်ရှိပုဂ္ဂိလ်တွေ အမှာစကားပြောခြင်း တို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SSNDF / KNDF ဗျူဟာအမှတ်(၉) ရဲ့ အဆိုပါ စစ်သင်တန်းဟာ ဖေဖော်ဝါရီလ (၁၁) ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မဟာဗျူဟာနည်းလမ်း(၆)ခုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုကြီးလွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမည်ဟု NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ပဲခူးရိုးမ၊ ဆွာဆည်တမံပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါ ၆ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

"ဆွာမြို့နယ်ထဲမှာရှိတဲ့ ဆွာတမံပေါ်က ရန်သူ့အထိုင်စခန်းကို အလစ်အငိုက်ယူပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ခန့်မှန်း မိနစ် ၄၀ လောက်ကြာပါတယ်။ ဟုတ်ပါတယ် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရှေ့မှာလည်း တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း​တို့နဲ့ ပေါင်းပြီးစစ်ရေးဖော်ဆောင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် အခုမှ လူထုကိုချပြတာပါ။" လို့ တိုက်ပွဲဖော်ဆော်ရာမှာပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူကလည်း မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၃၁ ဦး သေဆုံးထားသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။