ဧရာဝတီတိုင်းအတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အတွင်း ရောက်ရှိနေပြီဖြစ်လို့ ပြည်သူများ သတိရှိစွာနေထိုင်ကြဖို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွါးရာဒေသများမှ ပြည်သူတွေဟာ နီးစပ်ရာ မြို့နယ်/ကျေးရွာများကို စစ်ဘေးရှောင်နေကြရပြီး၊ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အစစအရာရာ သတိထားနေထိုင်ကြဖို့ အသိပေးတိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တဆက်ထဲမှာပဲ ပြည်သူတွေအနေနဲ့-
– မိမိနဲ့ တပါတည်း ယူဆောင်ဖို့ လိုအပ်တဲ့ အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာတွေကို အဆင်သင့်ထုပ်ပိုး ပြင်ဆင်ထားဖို့။
– မြေပြင်သတင်းများအား မပြတ်နားစွင့်ပြီး အသွားအလာ သတိထားဖို့။
– စစ်ကောင်စီ ထောက်တိုင်အဖွဲ့အစည်းများ၊ သတင်းပေးများနဲ့ နီးကပ်ရာကို မသွားရောက်ဖို့
– စစ်ဘေးရှောင်ပြည်သူတွေကို အိမ်ငှါးခ တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ကြပဲ ဝိုင်းဝန်းကူညီဖေးမပေးဖို့တွေ လုပ်ဆောင်ထားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်အနောက်ခြမ်း ရွာသာကြီးရွာကို စစ်အုပ်စု အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ၊ မြို့အရှေ့ခြမ်းတွင်လည်း စစ်ကြောင်းများ ဖြန့်ထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်ဆောင်နေသလို မြို့အရှေ့ခြမ်းမှာလည်း စစ်ကြောင်းတွေဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီး ပျက်စီး… စစ်ကောင်စီတပ်က ပြည်သူ (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း ၁၇ က ကျဆုံးရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တစ်နေရာမှာ ၂၀၂၂ ခုနှစ်က ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ယောက်အတွက် အောက်မေ့ဖွယ်ရာ ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၇) က ထုတ်ပြန်ထားပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။