နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။

ဧပြီလ ၁၅ ရက်၊ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့“ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။ တဆက်ထဲမှာပဲ တရားဝင်မှု အပြည့်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အတိုက်အခံ၊ အစိုးရအားပုန်ကန်သူ (Rebel) လို့ သတင်းမီဒီယာတချို့မှာ ခေါ်ဝေါ်သုံးစွဲနေမှုကိုလည်း ရှောင်ရှားပေးဖို့ ၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

“ NUG, CRPH ,NUCC တို့ဟာ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးတစ်ခုကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်နေတာမဟုတ်ဘဲ တော်လှန်ရေး ဖြစ်နေတာပါ။ တရားဝင်မှုအပြည့်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အတိုက်အခံလို့ အသုံးပြုနေတာ … မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တော်လှန်စစ်ပွဲတွေကို ပြည်တွင်းစစ်လို့ အသုံးပြုနေတာ … အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က PDF တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အစိုးရအားပုန်ကန်သူ (Rebel) လို့ အသုံးပြုနေတာ တွေကို ကန့်ကွက်ကြောင်းနဲ့ မှန်ကန်တဲ့ အသုံးအနှုန်းနဲ့ အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပြောကြားချင်ပါတယ်” ဦးနေဘုန်းလတ်က ဆိုပါတယ်။

“စစ်ခေါင်းဆောင်ကိုယ်တိုင်ပါဝင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူ့ဆန္ဒနဲ့ ပေါ်ပေါက်လာတဲ့ တရားဝင်အစိုးရတစ်ရပ် မဟုတ်ပါဘူး” လို့လည်း ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။ အလားတူ အကြမ်းဖက်စစ်တပ်ဟာ တရားဝင်အစိုးရကို မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အစုအဖွဲ့သာဖြစ်ပြီး၊ သူတို့ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ခံကာ ပြည်သူ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ဆက်လက်ပြောခဲ့ပါတယ်။

အင်အားပြင်းငလျင်ကာလအတွင်း စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် သတင်းရယူခွင့် မရှိတဲ့ကြားက မြန်မာပြည်သူတွေရဲ့ အခက်အခဲကို ကမ္ဘာကြီးက သိရှိအောင် ကြိုးစားဆောင်ရွက်ပေးခဲ့တဲ့ သတင်းမီဒီယာတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ခလရလောင်းလုံး နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ၏ တပ်ခွဲမှူး အလင်းဝင်ရောက်

တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက်  အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။