စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်မှာ Chinland Defense Force – Kalay, Kabaw, Gangaw (CDF-KKG) က Major Operation အဖြစ် ပြုလုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ မဟာမိတ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ကွပ်ကဲမှုနဲ့ ကျောင်းသားတပ်မတော် – ABSDF စစ်ကြောင်း(၃) က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

CDF-KKG Major Operation စတင်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ကလေးမြို့နယ်တောင်ပိုင်းက အခိုင်အမာဆုံးဖြစ်တဲ့ ကမ်းပါးနီ စစ်ကောင်စီ စခန်းကို တိုက်ခိုက်ချိန်မှာ ABSDFအနေနဲ့ ချင်းအမျိုးသားတပ်ဦး (CNA) ကွပ်ကဲမှုနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကမ်းပါနီ စစ်ကောင်စီ စခန်း သိမ်းဆည်းရမိချိန်မှာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ပြီး ABSDF က ဒုတပ်စိတ်မှူး ရဲဘော်ကနောင်(ခ) သဲကိုအောင်ကတော့ ဖက်ဒရယ်ဒီမီုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ သက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ရီလ ၁၅ ရက် ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် အကြားရှိ မှန်တောရွာနဲ့ အောင်သာယာ (အနောက်)ရွာတွေမှာ စစ်ကောင်စီ ခြေကုတ်ယူထားတဲ့ စစ်စခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကမ်းပါနီစခန်း တိုက်ခိုက်မှုဟာ CNA၊ CDF – KKG၊ CDF – Hakha ၊ CDF – Thangtlang ၊ CDF CDM – Siyin ၊ ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang , နဂါးညီနောင်)၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ ပကဖ နဲ့ ABSDF အမှတ် (၃) စစ်ကြောင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှန်တော၊အောင်သာယာ (အနောက်)၊ အောင်သာယာ (အရှေ့) ရှိ စစ်ကောင်စီ စခန်းတွေ တိုက်ခိုက်ခဲ့မှုမှာ PDF – Vokok ၊ RKDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး နယ်မြေထိန်းချုပ်ရေးနဲ့ နယ်မြေကာကွယ်ရေး ခုခံစစ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်ရရှိရေးအတွက် တန်ပြန်ထိုးစစ် ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စစ်မြေပြင်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုလည်း လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ABSDF က ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ယောက် ထက်မနည်း သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့တဲ့အပြင် ပြည်သူ (၂၀,၀၀၀) ဝန်းကျင် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကလေးနယ်မြို့နယ်တောင်ပိုင်းအဆုံး ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ စစ်ကောင်စီအမာခံရွာ ဖြစ်တဲ့ ကြံသာရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ကြံသာရွာကို မွန်းလွဲချိန်မတိုင်မှီ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုမှာတော့ CNA ၊ CDF – KKG ၊ CDF – Thangtlang ၊ CDF CDM – Siyin၊MCR၊ PDF – Vokok ၊ ကလေးတောင်ပိုင်း တော်လှန်ရေး အင်အားစု ၊ ဂန့်ဂေါမြို့နယ် ဟံသာဝတီ ပကဖ နဲ့ ABSDF အမှတ် (၃) စစ်ကြောင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြံသာရွာ ရှိ စစ်ကောင်စီနဲ့ ပျူစောထီး စခန်း သိမ်းဆည်းရမိချိန်မှာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ပြီး ABSDF က တပ်စုမှူး ရဲဘော်မြအောင်(ခ) လင်ကွန်းကတော့ ဖက်ဒရယ်ဒီမီုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ ဆိုပါတယ်။

၂လ ဝန်းကျင် ကြာမြင့်တဲ့ စစ်ဆင်ရေးအတွင်း ABSDF မှ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၆ ယောက် ဒါဏ်ရာရရှိခဲ့ပြီး CDF-KKG ရဲ့ Major Operation အဖြစ် ပြုလုပ်တဲ့ စစ်ရေးဖော်ဆောင်မှုတွေအတွင်း ကျဆုံး၊ဒါဏ်ရာရခဲ့တဲ့ မဟာမိတ်တပ်တွေက ရဲဘော်ရဲဘက်တွေကိုလည်း ABSDF အနေနဲ့ CDF-KKG နဲ့အတူ ဂုဏ်ပြုအောက်မေ့ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

အမျိုးသမီးကိစ္စကြောင့် နယ်ကျွံမိတဲ့ နယ်ထိန်းရဲ ပစ်ခတ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းနေတဲ့ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေ၊ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။