ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ရိုးမအခြေဘက် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၁၁ရက် နေ့လယ်ပိုင်းက လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ ထန်းပင်ချောင်ကျေးရွာကနေ အင်အား ၈၀ နီးပါးနဲ့ စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ရင်း တိုက်ပွဲအချိန် ၁နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ကူတွေ သုံးရင်း စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီကောင်တွေ ထန်းပင်ချောင်မှာ တပ်စွဲတာကြာပါပြီ။ အဲ့ဒါ ရိုးမအခြေဘက်ကို စစ်ကြောင်းထိုးလာတယ်ပေါ့။ သူတို့တက်လာတဲ့အချိန် ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပြီးပစ်ခတ်ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သူတို့ပြန်ဆုတ်တဲ့အခါကျ ကျနော်တို့ရဲဘော်တွေ လိုက်သွားတယ်။ အဲ့မှာ သူတို့ဘက်က ဒရုန်းတွေနဲ့ ဗုံးသီးတွေချတော့ ပြန်ဆုတ်ခဲ့ရပါတယ်။”လို့ ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ အမှတ် (၁) တိုက်ခိုက်ရေးတပ်ခွဲ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) နဲ့ ၃၈၀၂ တပ်ရင်း တပ်ခွဲ (၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်အုပ်စု လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)…
Read More

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး စစ်ဥပဒေရုံး လုပ်ဆောင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တည်မြဲအမိန့်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီလ (၂၄) ရက် ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။