စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။

မနေ့က ဧပြီလ ၁၃ ရက်မှာ ကျရောက်တဲ့ ICNCC အဖွဲ့ တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ချင်းပြည်သူတွေကို ကြိုတင်သတိပေးခြင်းအဖြစ် ဖော်ပြလာတာပါ။

စစ်ကောင်စီက အတင်းအဓမ္မ ကျင်းပဖို့ ကြိုးစား စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ ချင်းပြည်နယ်အတွင်း လုံးဝ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ CB နဲ့ နိုင်ငံရေး၊ စစ်ရေးမှာ အတူပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ဖြစ်ပွါးတဲ့ ဘယ်လိုအငြင်းပွားမှုကိုမဆို မိတ်ဖက် ပဋိပက္ခတွေအဖြစ်မှတ်ယူပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မကြာမီအချိန်ကာလအတွင်း ညီလာခံခေါ်ယူကာ ချင်းဖွဲ့စည်းပုံ ပဋိညာဥ် (Charter) မူကြမ်းကို အတည်ပြု ဆောင်ရွက်သွားမယ်လို့လည်းကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။