အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။

လက်ရှိနိုင်ငံတွင်း ပဋိပက္ခနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေကို အဓိက တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က အတည်ပြုပြောဆိုပါတယ်။

ဒါဟာ အာဆီယံခေါင်းဆောင်တွေ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရှားရှားပါးပါး တွေ့ဆုံမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအကြောင်းပြချက်တွေကို အဓိက အခြေခံထားတယ်လို့လည်း ဆိုပါတယ်။

အာဆီယံနိုင်ငံတွေက မင်းအောင်လှိုင်ကို စစ်အာဏာသိမ်းပြီးနောက် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်ကောင်စီက လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိလို့ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု ၄နှစ်ကျော်အတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့မှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်းစတက်အစည်းအဝေးကို တက်ရောက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မြန်မာအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ…

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။