တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။

“Melbourne ရဲ့ ပွဲသမိုင်းမှာ ဈေးအကြီးဆုံးပွဲကို အခက်အခဲ အတိုက်အခံ အများကြီးကြားကနေ ရုံလုံးပြည့် အားပေးချီးမြှင့်ကြတဲ့ Melbourne က သွေးချင်းမောင်နှမ ပရိသတ်တွေအားလုံးကို မြန်မာပြည်က ပရိသတ်တွေကိုယ်စား ကျေးဇူးအထူးတင်ပါတယ်”လို့ ဆိုပါတယ်။

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုအစီအစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့ကာ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီဖို့ ရည်ရွယ်ပြီး ဖျော်ဖြေနေတာဖြစ်ပါတယ်။

“နောက်တခါ ပြန်ဆုံဖို့ အင်မတန် ခက်ခဲတယ်ဆိုတာသိပေမယ့်၊ ဖြူဖြူ နဲ့ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ Melbourne လူထုရဲ့ ချစ်ခင်ရက်ရောမှုကို ထာဝရ သတိရ ကျေးဇူးတင်နေမှာပါရှင့် “ Melbourne ဖျော်ဖြေပွဲကို ရည်ညွှန်းပြီး ဖြုုဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာဖျော်ဖြေပွဲတွေမှာလည်း ဆက်တိုက်အောင်မြင်မှုတွေ ရရှိခဲ့ပြီး ပရိတ်သတ်တွေဟာ ရုံပြည့်ရုံလျှံလာရောက်ကြည့်ရှု အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀၀ ကျော်ကြောင့် ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့

အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။ “သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဗိုလ်​ကြီးအပါ စစ်ကောင်စီတပ်က ၅ ယောက်သေခဲ့တဲ့ သံဖြူဇရပ်က ခမရ ၅၈၈ စခန်း တိုက်ခိုက်မှုမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေး-သိမ်ဇရပ်ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားတဲ့ ခမရ ၅၈၈ တပ်စခန်းကို တိုက်ခိုက်ချိန်က ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ စျာပနပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ထားပါတယ်။