မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ခွင့်ရက်ယူပြီး KTV လာတဲ့ ကပစ (၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ အပေါင်းအပါတွေကို သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာတင် ​၂ယောက် သေဆုံးကြောင်း Earthqauke People’s Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဧပြီလ ၁၀ရက်၊ မနေ့ည ၉နာရီအချိန်မှာ ပေါက် မြို့နယ်အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ ၂၄) က ဗိုလ်မှူးသော်ဇင်ဦးစီးနင်းလိုက်ပါလာတဲ့ ကားကို ပခုက္ကူမြို့၊ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးသော်ဇင်ဦး နေရာတင်သေဆုံးခဲ့သလို သူနဲ့အတူစီးနင်းလိုက်ပါလာ​တဲ့ စစ်တပ်ထောက်တိုင် အိမ်ဖြူတော်KTV ပိုင်ရှင် ကိုမြင့်ဦးဆိုသူပါ သေဆုံးခဲ့ပြီး ၁ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း Earthqauke People’s Defence Force တာဝန်ရှိသူက ပြောပါတယ်။

ဗိုလ်မှူး သော်ဇင်ဦး စီးနင်းလိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်ခိုက်နေမှု မြင်ကွင်း

“ခွင့်နဲ့ KTV လာတာကို ကျနော်တို့ကြားဖြတ်ပစ်တာပါ။ သူ့မှာ အတို၁လက် ပါလာပေမယ့် လွတ်သွားတဲ့ ၁ယောက်ဆီ ပါသွားတယ်။ ကားကိုပဲ သိမ်းမိပါတယ်။ သူနဲ့ KTV ပိုင်ရှင်တော့ အသေရလိုက်ပါတယ်။ KTV ကိုလာနေကျပဲဖြစ်မှာပါ။ သေချာတာကတော့ ခွင့်နဲ့ ပခုက္ကူပြန်လာတာပါ။” လို့ Earthqauke People’s Defence Force တာဝန်ရှိသူက မောင်းကိုပြောပြပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People’s Defence Force နဲ့အတူ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater ၊ ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာလို့ သိရပါတယ်။

ည၈နာရီနောက်ပိုင်း အပြင်မထွက်ရ စစ်တပ်မာရှယ်လော အမိန့်ထုတ်ပြန်ထားတဲ့ ပခုက္ကူမြို့မှာ စစ်အုပ်စုအပေါင်းအပါတွေလောက်သာ မြို့ပေါ် KTV တွေဆီ သွားရောက်ပျော်ပါးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဗိုလ်မှူး သော်ဇင်ဦး စီးနင်းလိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်ခိုက်နေမှု မြင်ကွင်း
0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောတွင်းတစ်နေရာက မကဒတ ၃၆ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အခမ်းအနား ကို အမှတ် ၃ စစ်ကြောင်း မှာ နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

တနင်္သာရီနဲ့ ကျွန်းစုအစပ် နေရာ (၃) နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်(၃)နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သား ၇၁ ဦး ရှိဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၇၁ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို Visa သက်တမ်းတိုးရင် ရက် ၉၀သာ တိုးပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် (၈) ချက်ပါတဲ့ တောင်းဆိုစာကို ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။