စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။

ကယန်းအမျိုးသားနေ့ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက သိကျိတ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က မနေ့က ဧပြီလ ၁၀ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကယန်းအမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ကျင်းပနေစဉ် သိကျိတ်ကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းသိပြည်သိ ကမ္ဘာသိ အပစ်ရပ်ကြောင်းကြေညာထားချိန် သိကျိတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။

သိကျိတ်ကျေးရွာဟာ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုစည်းဧရိယာအတွင်းမှာ ရှိတာဖြစ်လို့ စစ်တပ်က ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတိအလင်းချိုးဖောက်တာလို့လည်း ဆိုပါတယ်။

စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂ယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

UWSA သည် ထိုင်းသို့ဝင်ရောက်လာသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ဟု သက်ဆင်ပြောဆိုချက် “ဝ” ငြင်းဆို၊ စစ်ကောင်စီ ဘာမှမလုပ်လျှင် ထိုင်းဝင်ရောက်ကိုင်တွယ်သင့်ဟု သက်စင်ဆို

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။  
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။