လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။

ရန်ကုန်လူထုသပိတ်က “MILITARY AIRSTRIKE IS REAL FAULT” ဆိုတဲ့ စာသားကို လူစည်ကားရာ ရန်ကုန်မြို့လယ်မှာ ချထားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သလို ခရစ်ယာန်သင်္ချိုင်းတစ်ခုမှာလည်း “MILITARY AIRSTRIKE IS THE REAL FUCKING DISASTER IN MYANMAR” ဆိုတဲ့ စာသားကို ချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းငလျင်လို သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ကာလမှာတောင် နင်းစရာမြေမရှိ နေစရာအိမ်မဲ့ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြေးစရာမြေပါမကျန်အောင် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ကမ္ဘာ့လူသား မျိုးနွယ်စုတစ်ရပ်လုံး သိရှိစေဖို့ရည်ရွယ်ပြီး အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ရန်ကုန်လူထုသပိတ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အခြားစစ်ရာဇဝတ်မှုပေါင်း များစွာကျူးလွန်လျက်ရှိနေတယ်လို့ ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကျရောက်မှု​ကြောင့် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေ ခံစားနေရတဲ့ ခိုကိုးရာမဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် ကယ်ဆယ်ကူညီပေးမှုမရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ထုတ်ကြဖို့အတွက်လည်း ရန်ကုန်လူထုသပိတ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ညီညွတ်ရင် မြန်မာအကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။