မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လအတွင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အကြမ်းဖက် စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်ရှိပြီး အဲဒီထဲမှာ (၄၁) ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်စစ်သားတွေကတော့ ပဲခူးတိုင်းက (၁) ယောက်၊ ကရင်ပြည်နယ် (၁) ယောက်၊ ကရင်နီပြည်နယ် (၅) ယောက်၊ ချင်းပြည်နယ်က (၂) ယောက်၊ မကွေးတိုင်း (၁၂) ယောက်၊ မွန်ပြည်နယ် (၈) ယောက်၊ စစ်ကိုင်းတိုင်း (၁၀) ယောက်၊ တနင်္သာရီတိုင်း (၅) ယောက်၊ နေပြည်တော် (၂) ယောက်နဲ့ မန္တလေးတိုင်း (၁၆) ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့အလင်းဝင်လာသူ (၆) ယောက်ကတော့ ပြည်သူ့စစ်တွေဖြစ်ပြီး စစ်ကိုင်းတိုင်းက (၅) ယောက်နဲ့ မန္တလေးတိုင်းက (၁) ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိသူတွေကတော့ စစ်သား စုစုပေါင်း ၅၉ ယောက်ရှိပြီး မန္တလေးတိုင်းက (၁၄) ယောက်၊ ကရင်နီပြည်နယ် (၇) ယောက်၊ မကွေးတိုင်း (၃) ယောက်နဲ့ စစ်ကိုင်းတိုင်း (၃၅) ယောက် ဖြစ်ပြီး ၁ ယောက်ကတော့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သားသစ် ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာပြည် စစ်အာဏာရှင်လက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့အတွက် Zomi Federal Union(ZFU)/ PDF Zoland က ပြုလုပ်တဲ့ Zoland Army မွမ်းမံ တန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နယ်စပ်တည်ငြိမ်ရေး ထိခိုက်စေသည့် အစွန်းရောက် စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း AA ပြော

အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။