ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၁၁ ကို တာဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး အဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေရှိခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မစ်ဇိုင်းဒုံး မစ်ရှင်တစ်ခု
ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့၊ ညပိုင်းက ကပစ ၁၁ စခန်း ရှိရာကို Urban Special Operation (U.S.O) နဲ့ Shadow (S.A.F) တပ်ဖွဲ့တို့ ပူးပေါင်းပြီး တာဝေးပစ်မစ်ဇိုင်းဒုံး ၃လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ ကနဦးသိရှိချက်အရ စစ်ကောင်စီဘက်က အရာရှိနဲ့တပ်သား ​၅ယောက်သေဆုံးပြီး ၁၆ယောက်အထိ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်စက်ရုံ၊ ရိက္ခာနဲ့ ခဲယမ်း ဂိုဒေါင်တွေမီးလောက်ပျက်စီးခဲ့ကြောင်း Urban Special Operation ( U.S.O) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီအတွက် စစ်ကောင်စီက သတင်းမထွက်စေဖို့ တပ်တွင်းအချင်းချင်း စစ်ဆေးတာတွေ လုပ်ဆောင်ရင်း လုံခြုံရေးတိုးမြှင့်ကာ အရပ်ဝတ်မာဖီတွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“တော်လှန် ပြည်သူနဲ့ တော်လှန် ညီကိုရဲဘော်တွေသတိထား လှုပ်ရှား သွားလာကြဖို့ သတိပေးအပ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြှင့်မှာဖြစ်တာကြောင့် တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင် အားဖြည့်ကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်ပါတယ်။ သတင်းကောင်းတွေ ဆက်လက်ထုတ်ပြန်နိုင်ဖို့ ကြိုးစားပါမယ်။” ဟု Urban Special Operation (U.S.O) က ပြောပါတယ်။
ကပစ ၁၁ စခန်းအနေနဲ့ နိုင်ငံနဲ့တစ်ဝှမ်း စစ်ကောင်စီတပ်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပံ့ပေးနေတာဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဆက်လက်ပြီးတော့လည်း စစ်အုပ်စု စီးပွားရေးနဲ့ ပက်သက်ဆက်နွယ်မှုတွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားမယ်လို့ Urban Special Operation (U.S.O) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငဖဲတွင် စစ်ကောင်စီတပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ဦးသေ၊ MA 1 သေနတ် ၁လက်နှင့် ကျည်ဘောက်များ ACDF ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမြို့နယ်က ၄ လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာ ဖြစ်ပွားခဲ့တဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Defense Force (CDF) – Hakha က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ဘေးရှောင်များကို စလင်း ပကဖ သွားရောက်ကူညီ

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။