“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှုပုံတွေကိုလည်း သင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေးကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါတယ်”
— Previous article
လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)
Next article —
ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို
You May Also Like
KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) ပစ/တပ်သား- နှင်းမောင်၏ ပြောကြားချက် (ရုပ်သံ)
- July 26, 2025
''ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး''
တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော် မုန်တိုင်း စျာပန (ရုပ်/သံ)
- July 25, 2025
ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)
- April 15, 2025
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ (၃၃၈) တပ်သား ဝေယံထွန်း ၏ပြောကြားချက် (ရုပ်/သံ)
- June 22, 2025
''ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်က သူငယ်ချင်း ၂ ယောက်အပြင်သွားတဲ့ အချိန်မှာ ပေါ်တာဆွဲခံရတာ။ ဆိုင်ကယ်လိုင်စင်ဖမ်းတာ လိုင်စင်မရှိလို့။ သူငယ်ချင်းကို ပြန်လွှတ်လိုက်ပြီး ကျနော့်ကို အချုပ်ထဲမှာ ၂ ရက်ထားတယ်။ တောင်ငူစုဆောင်းရေး မြို့သစ်ကို ပို့တာ။ ညဆိုရင် ကင်းစောင့်ခိုင်းပြီးတော့ တခါတလေကျရင် ညဆို တစ်ညလုံး ကင်းစောင့်ခိုင်းတယ်။ အနားလည်း မပေးဘူး။ ထမင်းကျ ဝဝဖြိုးဖြိုးလည်း မစားရဘူး။ တညလုံးကင်းစောင့်ပြီး နေ့ခင်းကျတော့လည်း ပေးမအိပ်ဘူး။ အိပ်ငိုက်တော့လည်း နောက်က လေးခွနဲ့ပစ်ခံရတယ်။ စစ်တပ်ထဲက ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မရပါဘူး။ ဒါပေမယ့် အခုက ၂၅ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက်က အခွင့်အရေးရခဲ့တယ်။ အခွင့်အရေးရပြီးတော့ ကျနော်တို့ ထွက်ပြေးလာတယ်။ လက်နက် တစ်ယောက်တစ်လက်ပါတယ်၊ ခဲယမ်းတွေလည်း ပါတယ်"
အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား- ရန်လင်းဦး၏ ပြောကြားချက် (ရုပ်/သံ)
- June 16, 2025
''ဖြူးမြို့နယ် ကညွတ်ကုန်းမြို့ ကျနော့်မိန်းမရဲ့ သရက်တောကျေးရွာကို သွားလည်တာ။ အဲ့မှာ ပေါ်တာမိလာခဲ့တယ်။ သင်တန်းကျောင်းမှာ ၃ လကြာတယ်။ . . . နောက်မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ ဒီဘက်ကို အလင်းဝင်လာလို့ရှိရင် စကစအကြီးအကဲတွေ ပြောသလိုမျိုး ဒီမှာ သတ်ဖြတ်မှုမရှိဘူး။ ညီအစ်ကိုတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်။ ကျနော် ဒီမှာ အလင်းဝင်နေတာ တစ်နေ့ကျ အိမ်ကို ပြန်ခဲ့ပါမယ်''
ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ ပြောပြသည့် တပ်တွင်းအခြေအနေအများ (ရုပ်/သံ)
- July 27, 2025
“(တပ်ထဲမှာ) အထက်အရာရှိတွေက အောက်လက်ကို သိပ်မကြည့်ကြဘူး။ သူတို့အတွက်ပဲ သူတို့ ကြည့်နေတယ်။ သူတို့ရ ပြီးရော၊ သူတို့ စားရပြီးရော။ လစာထဲကနေ ဘယ်လိုဖြတ်ရမလဲ။ ဘယ်လိုတောက်ရမလဲ။ ဘယ်လိုခေါင်းစဥ်နဲ့ ဘယ်လိုတပ်ပြီး ဘယ်လိုဖြတ်ရမလဲပဲ စဥ်းစားနေကြတယ်၊ သူတို့ခေါင်းထဲ ရိုက်သွင်းထားတဲ့ ပုံစံနဲ့ အခုလက်ရှိ ကျနော် တွေ့ကြုံရတဲ့ပုံစံနဲ့ ကွာဟမှုဖြစ်နေတယ်”