ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်ထဲမှာ စစ်သား ၁၁ ယောက်၊ ပြည်သူ့စစ် ၁ ယောက်နဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂ ယောက် ပါဝင်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အလင်းဝင်လာတဲ့ စစ်သား ၁၂ ယောက်ထဲမှာ အဓမ္မစစ်မှုထမ်း ဥပဒေ နဲ့ ဝင်ရောက်ခဲ့ရတဲ့ စစ်သား ၇ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

အလင်းဝင်ခိုလှုံလာတဲ့အထဲမှာ တနင်္သာရီတိုင်းက စစ်သား ၂ ယောက်၊ စစ်ကိုင်းတိုင်းက စစ်သား ၅ ယောက်နဲ့ ပြည်သူ့စစ် ၁ ယောက်၊ ကရင်နီပြည်နယ်မှာ စစ်သား ၄ ယောက် ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်သား ၂ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ငလျင်ဘေးကြောင့် စိတ်ထိခိုက်ဝမ်းနည်းစရာတွေ များလွန်းခဲ့သလိ သဘာဝ ကပ်ဘေးနဲ့ပတ်သက်လာရင် ဘယ်တော့မှ ရာဇဝင်မကောင်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အခုအကြိမ်မှာလည်း ပြည်သူ့အသက်တွေကို လျစ်လျူရှု ထပ်တိုးဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဖိဟု ကျားဖြန့်တိုက်ဖျက်ရေး ဟန်ပြလုပ်နေသည့် စစ်အုပ်စု ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို ဝင်ရောက်ရှင်းလင်းရာ သုံးရက်အတွင်း နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

မိုးကုတ်မြို့ ဖူဆယ်ကွင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၃ ဦး သေဆုံး၊ ၁၂ ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ကလေး အပါအဝင် ၁၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

ကျပ်ဘီလီယံ တစ်ရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ပတ်သက်ခဲ့သည်ဟု စစ်ကောင်စီ စွပ်စွဲ

ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

စလင်း အနောက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခံရပြီး ၆ယောက်သ၊ ၇ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ဗိုလ်အပါအဝင်  ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။