ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ငလျင်ဘေးသင့်ခဲ့တဲ့‌ ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြုပြင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ ဖြူးမြို့နယ်လူသားစာနာတာဝန်ခံတို့က ဧပြီလ ၆ ရက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့ငွေကို စုပေါင်းပြီး ဇလုပ်အုပ်စု၊ သစ်ဖြူဆိပ်ကျေးရွာက နေအိမ် အပျက်အစီး ၄၇ လုံးစာအတွက် တစ်အိမ်ထောင်ကို ၅ သောင်းကျပ်နှုန်းနဲ့ ၂၃ သိန်း ၅ သောင်းကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သစ်ဖြူဆိပ်ရွာလယ်လမ်းမကြီး ပြုပြင်ဖို့အတွက် ၅ သိန်းကျပ်၊ ကင်မွန်းခြုံ ကျေးရွာတွေအတွက် ၅ သိန်းကျပ်၊ နတ်လောင်း-ရွှေကုန်းတံတား ပြုပြင်ဖို့ ၄၅ သိန်းကျပ်တို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မြို့နယ် ပကဖ နဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို စည်းလုံးခြင်းသည်အင်အား ဖာ့ပဒဲန်အခြေစိုက် ထောက်ပို့အဖွဲ့က ၁၀ သိန်း၊ ပြည်ပရောက်မြန်မာတွေက သိန်း ၂၀၊ စေတနာရှင်တွေက ၇ သိန်း၊ Revodol အဖွဲ့က သိန်း ၄၀၊ ဒီပ ဦး ဆောင်တဲ့ မျိုးဆက်သစ်လူငယ်တွေအဖွဲ့က သိန်း ၂၀ စတဲ့ ပေးပို့ငွေတွေထဲက ၇၈ သိန်း ၅ သောင်းကျပ်ကို လက်ဆင့်ကမ်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကူညီထောက်ပံ့မှုကို ဖြူးမြို့နယ် ပကဖ၊ ၇၈၀၃ – အာဠာဝက စစ်ကြောင်း၊ ၃၅၀၃ – ဒေါင်းဖြူစစ် ကြောင်း၊ ဖြူးမြို့နယ် လူသား စာနာတာဝန်ခံတို့က သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ အလှူငွေတွေကို ငလျင်ဒဏ်ခံရတဲ့ အခြားကျေးရွာတွေကို ဆက်လက်ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီက အရပ်သားကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဦးစေတီပြိုကျပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၉ ယောက် သေပြီး ၇ ယောက် အရှင်ဖမ်းမိ၊ ခဲယမ်းအများအပြားနဲ့ ကားကြီး ၅ စီး သိမ်းဆည်း ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း - ရောင်နီတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငဖဲ- စေတုတ္တရာ လမ်းပိုင်းက အရပ်သားကားများ တိုက်ခိုက်ခံရမှု တော်လှန်ရေးတပ်များ လုပ်ဆောင်တာမဟုတ်ကြောင်း စေတုတ္တရာ ပကဖ ထုတ်ပြန်…

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပက်သက်ပြီး စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။