ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပိတ်မိနေသူ အသက်ရှင်လျက် ၁၆ ဦးကယ်ထုတ်နိုင်ခဲ့ပြီး သုံးဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအတွက်ဟု အကြောင်းပြကာ  ဘဏ်အတွင်းမှ ဘဏ်တံခါးကိုပိတ်ချလိုက်တာကြောင့် သေဆုံးသူမြင့်တတ်ခဲ့ရတယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ဘဏ်ဝန်ထမ်းတွေဖြစ်ပြီး ဘဏ်ကိုလာရောက်တဲ့ Customer အချို့လည်းပါဝင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊သဲတောမြို့တွေမှာလည်း ဆိုးရွားပြင်းထန်တဲ့ ငလျင်ကြောင့် နေအိမ်နဲ့ အဆောက်အအုံအများစု ပျက်စီးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။