ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်မှာ အစည်းအဝေး တက်ရောက်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို ဆန္ဒပြမှုကြောင့် မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ကို မတ်လ ၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားတယ်လို့ အဖမ်းခံရတဲ့ ကာကယံရှင်တွေက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
” ကျနော့်မှာ တရားဝင်ပတ်စပို့ရှိပြီး ဗီဇာသက်တမ်းတိုးရန် စောင့်ဆိုင်းနေပါတယ်။ ယခုအခါ ထိုင်းအာဏာပိုင်တွေက ကျနော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို အမည်ပျက်စာရင်းသွင်းထားပါတယ်။ လက်ရှိမှာ Sathorn၊ Suan Phlu က လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတယ်” လို့လည်းသူရဲ့ လူမူကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် သူရဲ့ အသက်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ New Power Generation ကို တည်ထောင်သူ ကိုဖြိုးပိုင်က ဆိုထားပြီး လက်ရှိမှာတော့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ စာတွေကို ပြန်ဖျက်ထားတာ တွေ့ရပါတယ်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားနှစ်ယောက်ကိုတော့ ထိုင်းအာဏာပိုင်တွေက ဧပြီလ ၄ ရက် ညပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ သူတို့နှစ်ဦးလွတ်မြောက်ရေးအတွက် ဘန်ကောက်မြို့က ကုသမဂ္ဂရုံးကို ဆက်သွယ်အကြောင်းကြားထားပြီး ထိုင်းအာဏာပိုင်ကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကိုဖြိုးပိုင် နဲ့ ကိုနိုင်နိုင်စိုး တို့ကို မြန်မာနိုင်ငံ ပြန်မပို့ရေးနဲ့ ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့အတွက် မိတ်ဖက်ထိုင်းလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီကို ဆန္ဒပြနေတဲ့ ထိုင်းရောက်မြန်မာများ
0 Shares:
You May Also Like
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။